တွေဟာဆိုရင် တစ်နေ့တစ်ခြား ပိုပိုပြီးတော့ များလာတာကိုတွေ့ရတယ်
ထုိ ့အတူပဲ Digital Marketing ကုိ အသုံးခ်ျပီး advertising ျပဳလုပ္သူ /
ပြုလုပ်ပေးတဲ့သူတွေဟာလည်း အတော်လေးကို များပြားတာကိုမြင်တွေ့
ရပါတယ်။
Digital Marketing Platform များစွာရှိတဲ့အနက် ယခင်က လူသုံးများတဲ့
Google Adsense ကို ယနေ့ခေတ် Facebook ads က ပခုံးချင်းယှဉ် လာသလို Facebook ကို အသုံးပြုမှုတွင်ကျယ်လာတာနဲ့အမျှ Google ကို ကျော်ဖြတ်သွားဖွယ်ရာ မြင်တွေ့လာနေရပါတယ်။
ထို့အတူပဲ မြန်မာပြည်ကလူတော်တော်များများ Online မှာ advertising ပြုလုပ်ဖို့ဆိုရင် Google Adsense ထက် Facebook Page က Boost
ကိုသာ ပိုမိုပြီးတော့ သိရှိကြတာ၊ အသုံးပြုကြတာများပါတယ်။ Google နဲ့ Facebook ဘယ်မှာ ကိုယ့်ရဲ့ Products ကို ကြော်ငြာချင်သလည်းဆိုရင်
100% မှာ 99% က Facebook မှာပဲ Boost လုပ်ပြီး ကြော်ငြာချင်တယ်
လို့ လုပ်ကြပါတယ်။

နောက်ပြီးတော့ တစ်ခုပြောချင်တာလေးရှိပါသေးတယ် အဲ့ဒါကတော့ User Profile Account ကိုအသုံးပြုပြီး စီးပွားလုပ်ငန်း အမည်တွေနဲ့
ရော ရိုးရိုး လူနာမည်တွေနဲ့ပါ Product တွေကို တင်ပြီး ကြော်ငြာတာ ရောင်းချတာတွေတွေ့ရပါတယ်။ အဲ့ဒါတွေက ဖေ့ဘွတ်ပေါ်လစီနဲ့ငြိပါ တယ်။ မလုပ်သင့်ပါဘူး Facebook က အဲ့ဒါကိုတွေ့သွားရင် လက်ခံမှာ မဟုတ်သလို ရာသက်ပန် Disabled ပါလုပ်ပစ်နိုင်ပါတယ်။ ဖေ့ဘွတ်က အဲ့ဒီလိုမျိုးတွေဖြစ်မှာစိုးလို့ Create a Page for a celebrity, band or business. ( ကျော်ကြားသူတစ်ယောက်၊ ဂီတအဖွဲ့တစ်ဖွဲ့ သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအတွက် စာမျက်နှာတစ်ခု ဖန်တီးရန်။) ဆိုပြီး ရိုးရိုး Personal Account မဟုတ်တဲ့အရာတွေအတွက် Page ဖွင့်ပြီး သုံးဖို ့ပြောထားပေးပါတယ်။ Band or Business အတွက် ရိုးရိုး User Account တွေကို အသုံးပြုမယ်ဆိုရင် အဲ့ဒါက Official မဖြစ်ဘူးဆိုတာကို သိရှိထားကြဖို ့လိုပါတယ်။ OS လုပ်နေသူတော်တေ်ာများများလည်း Page ဖွင့်ပြီး စျေးရောင်းရမှာကိုမသိပဲ Account ကနေပဲ ရောင်းနေတာမျိုးတွေ အများကြီးပါ မြန်မာပြည်က OS သမား 100% မှာ 75% က အဲ့လိုမျိုး ဘောင်မဝင် တန်းမဝင် ကိုယ့်အကောင့်ကနေကိုယ် စျေးတက်ရောင်းနေ ကြပါတယ်။ အဲ့ဒါလေးကိုတော့ သတိပြုမိကြဖို့လိုပါတယ်။

#Facebook_Boost_ဆုိတာဘာလဲ...?
ဒီမေးခွန်းရဲ့အဖြေကို Facebook မှာ Page ထောင်ထားသူတိုင်းပဲ
သိပြီးသားဖြစ်ကြပါလိမ်မယ်။ Boost လုပ်ဖူးသူတွေဆို ပိုပြီးတော့
သိကြပါတယ်။ Page Admin တော့ဟုတ်တယ် Page နဲ့ NewsFeed
မှာ Boost ဆိုတာကြီးတော့ ခနတိုင်းတွေ့တယ် အဲ့ဒါကဘာကြီးလဲ
ဘာလုပ်တဲ့ဟာကြီးလည်းဆိုပြီး မသိသေးတဲ့သူတွေ လိုက်မေးနေတဲ့ သူတွေလည်း ဒုနဲ့ဒေးရှိနေတုန်းပါပဲ။
အဲ့ဒီ Facebook က Boost ဆိုတာကြီးက Facebook မှာ Page ဖွင့်
ထားတဲ့သူတွေအတွက် အဲ့ဒီ Page ရယ် အဲ့ဒီ Page မှာ တင်သမျှရယ်ကို
အချိန်တိုလေးအတွင်းမှာ Facebook အသုံးပြုသူ သန်းပေါင်းများစွာဆီ
ရောက်ရှိသွားအောင် ပြုလုပ်(ကြော်ငြာ)လို့ရတဲ့ ခလုတ်လေးပါပဲ။

Online Shopping သမားတွေကတော့ Page ဖွင့် အဲ့ဒီ Page မှာ
သူတို့ရောင်းချမယ့် Product တွေတင်ထားပြီး ဝယ်မည့်သူတွေမြင်ရ
တွေ့ရအောင် Boost လုပ်ပြီး ကြော်ငြာကြသလို စီးပွားရေးလုပ်ငန်းရှင်
တွေကလည်း ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေနဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်း
နာမည်တွေအတိုင်း Page တွေဖွင့်ပြီး သူတို့ရဲ့လုပ်ငန်း၊ ထုတ်ကုန်တွေ ကို Boost ပြုလုပ်ပြီး ကြော်ငြာကြပါတယ်။
ဟိုတုန်းကတော့ တစ်ခုခုကို လူအများသိစေဖို့ကြော်ငြာမယ်ဆိုရင်
ဂျာနယ်တွေ၊ သတင်းစာတွေ၊ ရုပ်သံမီဒီယာတွေမှာပဲ ကြော်ငြာထည့်ပြီး
လူသိများအောင်လုပ်ကြပါတယ်။ အခုခေတ်မှာကတော့ အဲ့ဒီထက်
ပိုမိုပြီး ထိရောက်တယ်လို့ယူဆကြတဲ့အတွက် Facebook မှာပဲ Boost
ပြုလုပ်ပြီး ကြော်ငြာကြပါတော့တယ်။
#Facebook_Boost_ဘယ်လိုလုပ်ရတာလဲ...?
ဘယ်လိုလုပ်ရတာလည်းဆိုရင်တော့ ကိုယ်တိုင်ကြော်ငြာချင်ရင်
အရင်ဆုံးဘဏ်ကတ်(Visa, Master)တစ်ခုလိုပါမယ်။ ကတ်ရပြီဆို
Facebook Account ထဲမှာ ချိတ်ပြီး Page ကို Like တက်အောင်ပဲ
ဖြစ်ဖြစ် Page မှာ တင်ထားတဲ့ အကြောင်းအရာ တစ်ခုခုကိုပဲဖြစ်ဖြစ်
Boost လုပ်လို့ရသွားပါပြီ။
ကိုယ်တိုင် မလုပ်တတ်လို့သူများကို လုပ်ခိုင်းချင်တယ်ဆိုလည်း
Facebook advertising ပြုလုပ်ပေးနေသူတွေ ဒုနဲ့ဒေးရှိပါတယ်
သူတို့တွေကို အပ်လို့ရပါတယ်။(ကျွန်တော့်လည်းအပ်လို့ရပါတယ်

ဒါပေမယ့် အဲ့ဒီလို advertising ပြုလုပ်ပေးသူတွေကို မအပ်ဖို့တော့
အကြံပေးချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကုန်တဲ့ငွေအမောက်နဲ့
ပြန်ရတဲ့ Reach က မတန်လို့ပါ။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျသာ
Boost ပြုလုပ်ကြပါလို့တိုက်တွန်းချင်ပါတယ်။
#Boostလုပ်ရတာကခက်လား...?
ခက်လားဆိုရင် မခက်ပါဘူး အရမ်းလွယ်မှလွယ်ပါတယ် အဓိက ကတော့ သူ့မှာ ဆောင်ရန် နဲ့ရှောင်ရန်လေးတွေရှိပါတယ် အဲ့ဒါလေးတွေကိုသာ
သိရှိထားပြီဆိုရင် အဆင်ပြေပြေနဲ့ ကိုယ်တိုင် Boost လုပ်လို့ရပါတယ်။
တစ်ချို့တွေ စာဖတ်ရတာနဲ့လေ့လာရမှာကို ပျင်းပြီး Boost လုပ်နည်း
သင်တန်းတွေကိုသွားတက်ကြပါတယ်။ အဲ့ဒီသင်တန်းတွေမှာက သင်တန်းကြေးက အနည်းဆုံး ၁ သိန်း ကနေ ၁သိန်းခွဲ၊ ၁သိန်း၈သောင်း၊
၂သိန်း၊ ၂သိန်းခွဲ ထိတောင်ရှိပါတယ်။ အဲ့ဒီသင်တန်းတွေတက်ပြီး
သင်တန်းကဆင်းလာချိန်မှာ ဘာမှရေရေရာရာ မတတ်လာဘူးဆိုတဲ့
သူတွေ ဒုနဲ့ဒေးပါပဲ။ အဲ့ဒါကြောင့် အဲ့ဒီလို လူတွေအတွက်အဆင်ပြေ
စေဖို့ကျွန်တော်လည်း တန်ဖိုးနည်း ဝန်ဆောင်မှုအဖြစ် Boost Training
ကို သင်တန်းကြေး $50 နဲ့ဒီနေ့ဒီအချိန်ထိပေးနေခဲ့ပါတယ်။
အခြားသောသင်တန်းတွေနဲ့ဘာကွာလည်းဆိုရင် သင်တန်းကြေးလဲ
ကွာပါတယ်။ ကျွန်တော့်သင်တန်းကိုတက်ပြီး ဘာမှ မတတ်လာဘူးဆိုတာ မရှိစေရအောင် သင်တန်း တစ်ခါတက်လိုက်တာနဲ့ ရာသက်ပန် သင်တန်းသားဖြစ်သွားပြီး ဖေ့ဘွတ်က အမြဲတမ်းပြောင်းလဲနေတဲ့အတွက်
မသိတာတွေ မရှင်းတာတွေရှိရင် အချိန်ပြည့် Lift Time မေးမြန်းခွင့်
ရရှိသွားမှာဖြစ်သလို Error တွေ တက်ခဲ့ရင်လည်း ကူညီပြီးတော့
ဖြေရှင်းပေးနေမှာပဲဖြစ်ပါတယ်။
#သူများကိုBoostလုပ်ခိုင်းရင်ဖြစ်တတ်တာလေးတွေ...
ဒါကတော့ Boost သင်တန်းပေးရင်း သင်တန်းသူ/သင်တန်းသားတွေရဲ့ Page မှာ Facebook advertising ပြုလုပ်ပေးသူတွေကြောင့် Error
တက်ပြီး ကျန်ခဲ့တာလေးတွေရယ် advertising ပြုလုပ်ပေးသူတွေကို
အလုပ်အပ်တာ မတန်ရတဲ့အကြောင်းရင်းလေးတွေကိုပြောပြချင်လို့ပါ။
ပထမဆုံးပြောချင်တာကတော့ advertising Policies နဲ့ပတ်သက်တဲ့
အရာလေးတွေပါ။ policy ငြိပြီး Page တွေ Boost မရတော့တာတွေ
ဘဏ်ကတ်တွေအဘမ်းခံရတာတွေ၊ အကောင့်ထဲကနေ ဘဏ်ကတ်
အလိုလျေက်အဖြုတ်ခံလိုက်ရတာတွေ၊ Page တွေပါ Unpublic ဖြစ် ကုန်တာတွေကို Boost ပြုလုပ်နေကျ OS သမားတွေနဲ့advertising
သမားတွေ ကြားဖူး၊ ကြုံဖူး၊ မြင်ဘူး၊ တွေ့ဘူး ကြမှာပါ။
အဲ့လို ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ ပေါ်လစီတွေကို ချိုးဖောက်
မိလို့ရယ်၊ ပိုက်ဆံကို လိုတာထက်ပိုသုံးမိပြီး အကြွေးတင်တာတွေ
ကြောင့် ဖြစ်တာများပါတယ်။ အဲ့လိုဖြစ်ကုန်ရင် အပေါ်မှာပြောထားသလို
Error တွေတက်ကုန်ပြီး ဒုက္ခရောက်ကြရပါတယ်။ တစ်ချို့ဆို Boost မရလို့ဆိုပြီး Page တွေကို အသစ်ပါ ပြောင်းဖွင့်တာမျိုးကြုံဖူးတယ်။
အဲ့ဒီလို ဖြစ်တာနဲ့ပတ်သက်ပြီး ကြုံရတဲ့အဖြစ်အပျက်လေးတစ်ခုကတော့
ကျွန်တော့်ဆီကို သင်တန်းသူ ညီမလေးတစ်ယောက် သင်တန်းလာတက်
တယ်။ သင်တန်းတက်နေရင်း သူ့Page တစ်ခု အရင်က အမြဲတမ်း
Boost လုပ်နေရင်း အခုနောက်ပိုင်း Boost လုပ်လို့မရတော့တဲ့ Error
တက်နေတယ် အဲ့ဒါ ဘာဖြစ်တာလည်းဆိုတာ အစ်ကိုစစ်ပေးလို့ရမလား
ဆိုပြီးပြောတဲ့အတွက် စစ်ကြည့်လိုက်တော့ ပေါ်လစီနဲ့ငြိပြီး Boost ပြုလုပ်ခွင့်အပိတ်ခံထားရတာကိုသွားတွေ့တယ်။
ညီမရေ... ပေါ်လစီငြိပြီး အပိတ်ခံထားရတာ ညီမက ဘာတွေဘယ်လို
ကြော်ငြာမိလို့အဲ့ဒီလိုဖြစ်တာလည်းမေးတော့မှ သူကိုင်တိုင် Boost
လုပ္ခဲ့တာမဟုတ္ဘူး အဲ့ဒီ Page ကုိ advertising Service ေပးတဲ့
အစ်မတစ်ယောက်ကို အစအဆုံးအပ်ပြီးလုပ်ခိုင်းခဲ့တာ အခြားဘယ်သူနဲ့မှ
မလုပ်ဖူးဘူး သူ အဲ့ဒီ Page ကို Boost လုပ်နေတုန်းက Error ခနခန
တက်တယ် သူ့ဘဏ်ကတ်တွေလည်း အပိတ်ခံရတယ်ပြောတယ်။ နောက်ပိုင်း ဘဏ်ကတ်တွေ အဘမ်းခံရလို့ဆိုပြီး ညီမ Page ကို
Boost လုပ်မပေးတော့တာ ဒီနေ့အထိပဲ ဆိုတော့ ကျွန်တော်သိလိုက်ပြီ
သေခြာတယ် အဲ့ဒီ advertising လုပ်ပေးတဲ့သူကြောင့်
ဒီ Page က ပေါ်လစီငြိပြီး Boost လုပ်လို့မရတော့တာပဲဆိုပြီး။
ဘာကြောင့်ဖြစ်နိုင်လည်းဆိုတာကို ခန့်မှန်းကြည့်တော့ အဲ့ဒီ Page ကို
အစက ကြော်ငြာပေးနေသေးတယ် ကြော်ငြာပေးနေရင် ဘဏ်ကတ်
အဘမ်းခံရလို့ဆိုပြီး အဲ့ဒီကတ်ကိုမသုံးတော့ပဲ ကတ်အသစ် ပြောင်းသုံး
လိုက်တယ် အဲ့ဒီနောက်ပိုင်း Boost Run လို့မရတော့တဲ့ အဖြစ်ရောက်
သွားတယ်။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီလို Boost Run ခွင့်ကို
ပိတ်လိုက်တဲ့အချိန်မှာ ဘဏ်ကတ်ကိုလည်း အပိတ်ခံရတယ်ဆိုပြီး ကတ်အသစ်နဲ့ချိန်းသုံးလိုက်တယ်။ အဲ့ဒီမှာ ဘာဖြစ်လည်းဆိုတော့
Error စတက်တဲ့အချိန်မှာသာ Facebook Ads Team ကို ဆက်သွယ်ပြီး
ဆင်ခြေဆင်လက်တွေပေးပြီး အသနားခံခဲ့မယ်ဆိုရင် Page နဲ့Card ၂ ခုလုံး ပြန်အဆင်ပြေသွားနိုင်ပါတယ်။
ဒါပေမယ့်သူက အဲ့လိုမလုပ်ခဲ့ပဲ
ကတ်ကိုမသုံးတော့တဲ့အတွက် အခြေအနေကပိုဆိုးသွားပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ Facebook က Boost ပြုလုပ်တဲ့ငွေကို အခုလုပ်
အခုချက်ချင်း ဖြတ်တာမဟုတ်ပဲ လကုန်ပြီဆိုတော့မှ စုပေါင်းပြီးဖြတ်တတ် ပါတယ်။ ဒီတော့ ယခင် Boost လုပ်ထားတဲ့ ဘဏ်ကတ်ကို မသုံးတော့ပဲ အသစ်ပဲ ပြောင်းသုံးလိုက်တယ်ဆိုရင် Facebook က Bill လာဖြတ်ရင်
ဖြတ်လို့ရပါဦးတော့မလား။ ပေါ်လစီငြိလို့ Error တက်နေတာကိုလည်း
မဖြေရှင်း၊ သုံးခဲ့တဲ့ ဘဏ်ကတ်ကိုလည်း ဆက်မသုံးတော့ပဲပိတ်ပြီး
နောက်ထပ် ကတ်အသစ်ပြောင်းလိုက်တဲ့အတွက် အခြေအနေက
ပိုပြီးဆိုးသွားပါတော့တယ်။
Page ပိုင်ရှင် ညီမလေးကလည်း သူ့Page ကို Boost ပြန်ရချင်တယ်
သူရင်းနှီးထားတဲ့(Page အတွက် ကုန်ကျခဲ့တဲ့)ငွေကလည်း နည်းမှ
မနည်းတော့ပဲ ဒီတော့ advertising Service ပေးခဲ့တဲ့သူကို အဲ့ဒီ Page Boost ပြန်ပြီး Run လို့ရအောင်လုပ်ပေးပါဆိုတော့ Service ပေးခဲ့တဲ့
သူက အဲ့ဒါ အစ်မနဲ့မဆိုင်ဘူး ညီမ Page မှာ ပေါ်လစီငြိတာတွေတင်လို့ အဲ့လိုဖြစ်တာ အစ်မ ဘဏ်ကတ်တွေလည်း အဘမ်းခံရတယ် ဘာညာ ပြောတော့ သူတို ့နှစ်ယောက်အခြေအတင်တွေဖြစ်ကုန်တယ်။ နောက်ဆုံး
ကျွန်တော့်ကို အဲ့ဒီ ညီမလေးက အစ်ကို အဲ့ဒီ advertising လုပ်ပေးတဲ့ အစ်မနဲ့ပြောကြည့်ပေးပါဦးပြောလာတဲ့အတွက် ကြားဝင်ပေးရပါတယ်။
အဲ့ဒီတစ်ယောက်နဲ့အဲ့ဒီ Page Boost မရတဲ့ Error အကြောင်းကို
ဖုန်းထဲကနေ ပြောရင်း ငြင်းကြခုန်ကြတာ ၁ နာရီကျော်ကြတယ်။ သူက ဟို Page ပိုင်ရှင်ညီမလေးနဲ့ပြောထားသလိုပဲ သူနဲ့မဆိုင်ဘူး အဲ့ဒီ Page မှာတင်တဲ့ Product ကြောင့်အခုလိုဖြစ်တာ ညီမ ဘဏ်ကတ်တွေလည်း
ခနခန အဘမ်းခံရတယ်။ ဒါကြောင့် Boost Service ထပ်ပြီးတော့ လုပ်မပေးဖြစ်တာတာဆိုပြီးပြောလာတယ်။ ဒါနဲ့ကျွန်တော်လည်း သူ့ကို
ဥပမာလေး တစ်ခုပေးပြီးပြောပြလိုက်တယ်။ ဥပမာမပေးခင် သူ့ကို မေးခွန်းလေးတွေ ၂ ခု ၃ ခုလောက်တော့ မေးပြီးအတည်ပြုလိုက်တယ်။
အဲ့ဒါကေတာ့ ...
(၁) - ညီမတစ်ယောက်ပဲ အဲ့ဒီ Page စထောင်တာရော Boost လုပ်တာရော လုပ်ခဲ့တယ်ဆိုတာ ဟုတ်လား ဆိုတော့ ဟုတ်တယ်တဲ့။
(၂) - Facebook က Boost လုပ်ရင် အခုလုပ် အခု အဲ့ဒီပိုက်ဆံကို မဖြတ်ပဲ လကုန်ပြီဆိုမှ စုပေါင်းပြီးဖြတ်တတ်တာကို သိလား ဆိုတော့ သိတယ် ပြောတယ်။
(၃) - Facebook မှာ Boost လုပ်ရင် ဆောင်ရန်တွေ ရှောင်ရန်တွေကိုရော ညီမသိလားဆိုတော့ ဟုတ် သိတယ်လေ သိလို့ပဲ ညီမ advertising Service ပေးနေတာပေါ့ ဘယ် Page တွေကို ဘယ်လိုပေးခဲ့ပြီး ဘယ် Page တွေကို လက်ရှိပေးနေတယ်ဆိုတာတွေကို သူက အကုန်လာပြောပြနေတော့တယ်။ ဒါနဲ့ ကျွန်တော်လည်း အိုကေ သိတယ်ဆိုရပြီ အစ်ကို ဥပမာပေးတာလေးတစ်ခုကို ညီမနားထောင် ပြီးတော့မှ ဟုတ်လား မဟုတ်လား မှန်လား မမှန်ဘူးလား ဆုံးဖြတ်လို့ ပြောလိုက်တော့ ဟုတ်တဲ့။
ဒါနဲ့ကျွန်တော်လည်း ဥပမာကို ဒီလိုလေးပေးလိုက်တယ်....
ညီမနဲ့ Page ပိုင်ရှင်ညီမကို အစ်ကိုက အိမ်ရှင်နဲ့ ဧည့်သည်သဘော ထားလိုက်မယ်။ ညီမက ဧည့်သည် ဟို Page နဲ့ ပိုင်ရှင်က အိမ်ရှင် အိုကေ ညီမက သူ့အိမ်ကို အလည်သွားပြီး သူ့အိမ်လိပ်စာနဲ့ ပစ္စည်းတွေမှာ( Admin ယူပြီး Boost Service ပေး )တယ်။ အဲ့ဒီ ပစ္စည်းဖိုးကို ဟို( Facebook )က ချက်ချင်းမယူဘူး လကုန်မှပဲယူတယ်။ အဲ့ဒီမှာ ညီမက ပစ္စည်းထပ်မှာ(Boost ထပ်လုပ်)တော့ အဆင်မပြေဖြစ်( Error တက် )တယ်။ ညီမက ဘဏ်ကတ်ကြောင့်ဖြစ်တယ်ထင်ပြီး ကတ်ကို ချိန်းတယ်။ ပစ္စည်းထပ်မှာ(Boost ထပ်လုပ်)တယ် နှစ်ဦးနှစ်ဖက် အဆင်မပြေတဲ့အတွက် ပစ္စည်းထပ်မှာ(Boost Run)တာ မရတော့ဘူး။
အဲ့ဒီမှာ ညီမက တော်ပြီ မှာလို့(Boost Run )မရတော့ဆိုလည်း မလုပ်တော့ဘူးဆိုပြီး ပစ္စည်းမှာ(Boost Run)တာကို ရပ်လိုက်သလို အဲ့ဒီအိမ်( အဲ့ဒီ Page )ကနေပါ ပြန်သွားတော့တယ်။
ကဲ... အဲ့ဒီလိုဆိုရင် ပစ္စည်းရောင်းတဲ့သူ( Facebook )က အရင်ယူခဲ့ဖူးတဲ့ ပစ္စည်းဖိုး လာတောင်းပါပြီတဲ့ ညီမဆီကိုလိုက်တောင်းမလား တည်းခဲ့တဲ့ အိမ်(Page)မှာ သွားတောင်းမလား ညီမစဉ်းစားပေါ့လို့ပြောလိုက်တော့ အစ်ကိုကလည်း ညီမ အကောင့်နဲ့Boost လုပ်ခဲ့တာလေ ညီမဆီပဲ လိုက်တောင်းမှာပေါ့ ညီမ ဒီလိုပဲ Boost လုပ်ပေးခဲ့ပြီး Admin ကထွက်တယ် လကုန်ရင် ညီမဆီကပဲ လာဖြတ်တာပဲလေပြောတော့ ကျွန်တော် တစ်ခုပဲ ထပ်မေးဖြစ်ပါတယ်။ အဲ့ဒါကတော့ ညီမ အဲ့ဒီ Page ကို Boost Run နေတုန်း ဘဏ်ကတ်တွေအပိတ်ခံရလို့ဆိုပြီး အဲ့ဒီဘဏ်ကတ်တွေကို မသုံးတော့ပဲ ကတ်အသစ်တွေပြောင်းသုံးတယ်ဆို ဆိုတော့ ဟုတ်တယ် သူ့ Page ကို Boost လုပ်ပေးတုန်း ကတ်တွေ အပိတ်ခံရတယ် အဲ့ဒါကြောင့် ကတ်အသစ်ပြောင်းသုံးတယ်။ အဲ့ဒါတွေက သူ့ Page ကြောင့်ဖြစ်ရတာ ဆိုပြီးပြောလာပြန်ပါတယ်။
ဒါနဲ့... ညီမက ဖေ့ဘွတ်က ပေါ်လစီတွေကို သိတယ် နားလည်တယ်ဆို
ပေါ်လစီငြိနိုင်တာသိသိကြီးနဲ့ဘာလို့ Boost လုပ်ပေးခဲ့သေးလဲဆိုတော့
သူကထပ်ပြောလာပါတယ် အဲ့ဒီလို ဖြစ်နိုင်တယ်ဆိုတာသိတယ် သူနဲ့ညီမနဲ ့သိသိကြီးနဲ့အတူတူလုပ်ခဲ့ကြတာ အခုမှ ညီမ ကြောင့်ဆိုပြီး လာပြောနေတာ ဆိုတော့ ကျွန်တော်လည်း အဲ့ဒါတော့ အစ်ကိုလည်း မသိဘူး ညီမအနေနဲ့အဲ့ဒါကို သူနဲ့ပြောပြီး ညှိကြည့်ပေါ့ အခု သူကတော့ သူ့ Page ကို Boost ပြန် Run လို ့ရချင်နေတယ်ပြောတယ် လို့ ကျွန်တော်ကပြောလိုက်တော့ အဲ့ဒီ advertising Service ပေးတဲ့ ကောင်မလေးက ကျွန်တော့်ကို မေးတယ် "အစ်ကို ကို ညီမ နောက်ဆုံး တစ်ခုပဲ မေးကြည့်ချင်တယ် အဲ့ဒီ လိုဖြစ်တာ ညီမကြောင့်လား ညီမနဲ့ဆိုင်လား အဲ့ဒါကိုဖြေပေးကြည့်" ဆိုတော့ ကျွန်တော်လည်း ပွင့်ပွင့် လင်းလင်းပဲ "ဟုတ်တယ် ညီမကြောင့် ညီမက သူ့အိမ်ကို အလည်သွားပြီး သူ ့အိမ်ပုံရိပ်ကိုအသုံးချပြီး ပြဿနာရှာထားခဲ့တာလေ အခု ညီမရှာထားခဲ့တဲ့ ပြဿနာကြောင့် သူ့ အိမ်ကနေ ဘာမှလုပ်လို့မရတော့တာ ညီမကြောင့် ဖြစ်ခဲ့တဲ့ Error ကို ညီမပဲ ဖြေရှင်းပေးရမှာ ညီမတို့နှစ်ယောက်က ဒီလို ဖြစ်နိုင်မှန်းသိသိကြီးနဲ့အတူတူပေါင်းပြီး လုပ်ခဲ့ကြလို့ အခုလိုဖြစ်တာဆိုရင်တော့ ညီမတို့နှစ်ယောက်ပဲ ပြေလည်အောင် ညှိကြည့်လိုက်ပေါ့" လို့ပြောလိုက်တော့ ဟုတ်ကဲ့အစ်ကို ရပါပြီ ညီမ အဲ့ဒီ ညီမလေးနဲ့ညှိကြည့်လိုက်ပါဦးမယ်ဆိုပြီး ဖုန်းချသွားပါတယ်။ ( တစ်သက်နဲ ့တစ်ကိုယ် နာရီနဲ့ချီပြီး ဖုန်းပြောဖြစ်တာ ပထမဆုံးပါပဲ ကိုယ့်ကောင်မလေးနဲ ့ကိုယ်တောင် အဲ့လောက်ကြာအောင် မပြောဖူးဘူး

အပေါ်က ပြဿနာလိုမျိုးပဲ advertising Service သမားတွေကြောင့် Page တွေမှာ Boost ပြုလုပ်လို့မရတော့တဲ့ Error လိုမျိုးတွေ တော်တော်များများဖြစ်ကုန်တာတွေ့ရပါတယ်။ ကျွန်တော် Service ပေးပြီး Error Fix ပေးခဲ့ရတဲ့ Page တွေလည်းမနည်းပါဘူး Boost လုပ်လို့မရတော့တဲ့ Error တွေ၊ ဘဏ်ကတ်တွေ အလိုလျောက် ပြုတ်တဲ့ Error တွေ တော်တော်များများတွေ ့ရပါတယ်။ အဲ့လို Boost ပြုလုပ်လို့ မရတော့ဘူးဆိုတဲ့ Page တွေကို Boost ပြုလုပ်လို့ရအောင်၊ ဘဏ်ကတ် ပြုတ်သွားတဲ့ အကောင့်တွေကို အဲ့ဒီဘဏ်ကတ် ပြန်ချိတ်သွားပြီး Boost ပြန်လုပ်လို့ရအောင် အဲ့ဒီလို Facebook advertising နဲ့ပတ်သက်ပြီး ဖြစ်တဲ့ Error ပေါင်းစုံကို ကူညီပြီး ဖြေရှင်းပေးနေပါတယ်။ ယခင်ကတော့ Free ပြုလုပ်ပေးခဲ့ပြီး အခုဆိုရင်တော့ Error Fix ခ $50 ယူပါတယ်။
ကျွန်တော့်ဆီမှာ သင်တန်းတက်ဖူးသူတွေကိုတော့ Error ဖြစ်တာတွေကို အခမဲ့ ကူညီပြီးဖြေရှင်းပေးပါတယ်။

#ကိုယ်တိုင်Boostလုပ်ရင်ဘာပိုထူးလဲ...?
ဘာပိုထူးလည်းဆိုရင် အများကြီးကိုထူးပါတယ် အခြားသူကိုအပ်တာထက်
ကိုယ်တိုင် Boost ပြုလုပ်တာကို ကျွန်တော်က ပိုပြီးအားပေးပါတယ်။
ဘာကြောင့်လည်းဆိုရင် ကိုယ်တိုင် Boost လုပ်ရင် ရက်နဲ့ ငွေအမောက် ကို စိတ်ကြိုက် စီမံခန့်ခွဲလို့ရလို့ပါပဲ။ သူများကို Boost Service အပ်ပြီ ဆိုရင် ရက်နဲ့ ငွေအမောက်က သူတို့ပါးစပ်ထဲမှာပဲရှိပါတယ်။ ဥပမာ ပြောရရင် ကျွန်တော့်ဆီမှာ Boost Service အပ်ပြီဆိုရင် ကျွန်တော် ပေးထားတဲ့ Plan-1, Plan-2, Plan-3 ထဲကနေ တစ်ခုခုကို ရွေးပြီး အပ်ရမယ်။ အနည်းဆုံးက Plan-1(၇ရက်စာ) Boost ပေါ့ ကျွန်တော်က ၁ ပတ်စာအတွက် $30 ယူထားတယ် အဲ့ဒီဟာကို ကျွန်တော် Run ပေးရင် $21 ( တစ်ရက် $3.00 နဲ့ ၇ ရက် ) ပဲသုံးပေးတယ်။ ကဲ.. ကျွန်တော့် အတွက် $9.00 ကြီးများတောင်ကျန်သွားတယ်မလား။

Boost Service ပေးတဲ့သူတွေက သူတို့Boost လုပ်ပေးတာတွေကို ဘယ်လောက်သုံးပြီးတော့ Boost ပေးခဲ့ပါတယ် ဒီမှာကြည့်ပါ ဆိုပြီး ဘယ် advertising agency ကမှ မပြောပြပါဘူး။ ဒီတော့ သူတို့က ကိုယ်ပေးလိုက်တဲ့ ငွေအမောက်ထဲကနေ ဘယ်လောက်ဖိုး Boost လုပ်ပေးပြီး သူတို့အတွက် ဘယ်လောက်ကျန်အောင် လုပ်သွားလဲဆိုတာ မသိရတဲ့အတွက် ကိုယ့်အတွက်က $100 ကုန်သွားပေမယ့် $100 နဲ့ တန်တဲ့ Reach ပြန်မရပါဘူး ဒါကြောင့် ကိုယ်တိုင် Boost လုပ်ရင်တော့ ကုန်တဲ့ ငွေအမောက် $100 ဖိုးစာ Reach ကို ရပါလိမ့်မယ် အဲ့လိုရအောင် ကိုယ်တိုင် Boost လုပ်တတ်အောင်ပဲ ကြိုးစားကြပါ မခက်ပါဘူး။
advertising Service ပေးတဲ့သူတစ်ယောက်ဆိုရင် Page Like Boost အတွက် မြန်မာငွေ ၈ သောင်းတောင်းပြီး တကယ်သုံးပေးခဲ့တာက $23 လောက်ပဲသုံးပေးခဲ့လို့ OS လုပ်နေတဲ့ Page ပိုင်ရှင်ညီမလေးဆို သူက ယုံကြည်အားကိုးပြီး Boost Service အပ်ခဲ့တာကို ၃သောင်းဖိုးလောက်ပဲ လုပ်ပေးပြီး ၅ သောင်းလောက်တောင်ယူသွားတယ်။ တော်တော်ရက်စက် တာပဲ ညီမဆို မစားရက်မသောက်ရက်နဲ ့မုန့်ဖိုးလေးတွေစုပြီးလုပ်ရတာ ဆိုပြီး ငိုမဲ့မဲ့လေးနဲ့ပြောပြတယ်။ ဒါကြောင့် Service ကို သူများ မအပ်ပဲ ကိုယ်တိုင်ပဲ Boost လုပ်ကြပါ Boost လုပ်တာက ဘာမှမခက်ပါဘူး အပျင်းမကြီးကြပါနဲ့နည်းနည်းလေးလောက် လေ့လာလိုက်ရင်ပဲ ရပါတယ် ဆိုတာကို နောက်ဆုံးပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါပြီဗျာ။

စာကလည်း တော်တော် ရှည်သွားပြီ စိတ်ရှည်လက်ရှည် ဖတ်ပေးလို့ ကျေးဇူးအထူးပင် တင်ရှိပါတယ်။



Aung Kyaw Soe ( OSC-Myanmar ) 14.7.2017 - 1:30 PM

__________________________________________________
OSC-Myanmar အနေနဲ့ အခကြေးငွေဆိုတာထက် အကူအညီ
လိုအပ်နေသူတွေကို တန်ဖိုးနည်းနည်းနဲ့အကောင်းဆုံး Service ပေးနိုင်ဖို့ကိုပဲ အမြဲတမ်းရှေ့တန်းတင်ထား တွေးထားတယ်ဆိုတာ
အားလုံးကို သိစေချင်ပါတယ်ဗျာ။



နည်းပညာပိုင်းမှာ ဆရာမကျပေမယ့် OSC-Myanmar
Admin Team အနေနဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဝန်ဆောင်မှုပေးနေပါတယ်။
Online Service Center Myanmar
------------------------------------------------










__________________________________________________
ကိုယ်ဖတ်လို့သိသွားပြီဆိုရင်လည်း ကိုယ့်အသိမိတ်ဆွေ Online Shopping သမားတွေသိရှိသွားအောင် ပြန်လည်ပြီး Share လုပ်ပေးလိုက်ကြပါဦး။

သင်တန်း တက်ခြင်းပါတယ်
ReplyDeleteဘယ်လို လုပ်ရမလဲ online ကနေတက်ခြင်းတာပါ
ဘာမှတော့ မသိသေးဘူး အခုမှ စလုပ်မလို့ပါ
Online shop ကို