အရင်တုန်းက Photo တွေ Upload လိုက်တာနဲ့ အလိုလျောက် တက် ( Tag ) အလုပ်ခံရပါတယ်။ အဲ့ဒီအခွက်က ဘယ်သူ့အခွက်ပါဆိုတာ Facebook ရဲ့ Face Recognition က မှတ်ထားတဲ့အတွက် အလိုလျောက် Tag သွားခြင်းဖြစ်ပါတယ်။
အခုဆိုရင် Facebook က Photo တင်မဟုတ်တော့ပဲ Video ထဲမှာပါတဲ့ သင်ရဲ့ မျက်နှာကို အလိုလျောက် Tag တွဲပေးတဲ့နည်းပညာကို အဆင့်မြှင့်ထားလိုက်ပါပြီ။ ကိုယ့်ပုံပါတဲ့ Photo or Video ကို တင်လိုက်တာနဲ့ ဒီတစ်ယောက်က ဘယ်သူ ဘယ်ဝါပါဆိုပီး အဲ့ဒီ Facebook Account ပိုင်ရှင်ကို Photo or Video ထဲက မျက်နှာပေါ်မှာ Auto Tag လုပ်ပေးသွားမှာပါ။
ဒီနည်းပညာကို အသုံးပြုထားတဲ့အတွက် ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိလာနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီနည်းပညာကို အသုံးချင်ရင် ဆက်သုံးလို့ရနေပြီး အသုံးမပြုချင်ရင်လည်း မသုံးလို့ရပါတယ်။ ယခင်ကတော့ Facebook က ဒီနည်းပညာရဲ့ Settings ပိုင်းကို Facebook User တွေကိုယ်တိုင် ပြင်ဆင်ခွင့်မပေးခဲ့ပေမယ့် အခုဆိုရင် ကိုယ်တိုင် အသုံးပြုမယ် မပြုဘူးဆိုတာကို Yes or No လုပ်လို့ရနေပါပြီ။
ကျွန်တော်အနေနဲ့ ဒီနည်းပညာကို Review လုပ်ပေးရမယ်ဆိုရင်တော့ မဖြစ်မနေသုံးသင့်တယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် Yes လုပ်ပြီးတော့ပဲ အသုံးပြုကြပါလို ့အကြံပေးချင်ပါတယ်။ Privacy ပိုင်းအတွက် မကောင်းဘူးလို့ထင်ရပေမယ့် ဒီနည်းပညာက သင်သာ Facebook နဲ့မကင်းကွာနိုင်ဘူးဆိုရင် မဖြစ်မနေ သုံးကို သုံးသင့်တယ်လို့တော့ အကြံပေးပါရစေ။ ဘာကြောင့်လည်းဆိုတော့ သင့်မျက်နှာနဲ့ သင့်အကောင့်ကို ဒီနည်းပညာက တွဲပြီး မှတ်သားထားတဲ့အတွက် သင့်ပုံစံတူ အကောင့်တွေဖွင့်လာခဲ့မယ်ဆိုရင် အဲ့ဒီအကောင့်တွေက သင်မဟုတ်ဘူးဆိုပြီး ပိုမိုခိုင်မှာတဲ့ သက်သေပြနိုင်လို့ပါပဲ။
ဥပမာ ကိုယ့်ပုံတွေသုံးပြီး Real Name or Fake Name နဲ့ Fake Account တစ်ခုဖွင့်ထားတာတွေ့လို့ ကိုယ်က Pretending to be Me နဲ့ Report သွားထုတဲ့အခါ မကျခဲ့တဲ့ အကောင်ေ့တွ ရှိကောာင်းရှိခဲ့လိမ့်မယ်။ ဒီ Face Recognition ကို အသုံးပြုတာ ကြာသွားပြီဆိုတာနဲ့ Facebook က သင့်ရဲ့ Real Account နဲ့ Real Face ကို တွဲပြီး မှတ်မိသွားပြီးဖြစ်လို့ Pretending to be Me နဲ့သွားထုရင် အလွယ်လေး အဲ့ဒီအကောင့် ကျသွားပါလိမ့်မယ်။


သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ ဟိုသွားဒီသွားရင်းပဲဖြစ်ဖြစ် ကြုံလို့ဆုံလို ့ပဲဖြစ်ဖြစ် Photo တွေရိုက်ပြီး Facebook မှာ Upload တတ်ကြသူတွေအနေနဲ ့ကတော့ အဆငေ်ပြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Group Photo Upload တင်လိုက်ပြီဆိုတာနဲ့ ပုံထဲမှာပါတဲ့သူတွေကို တစ်ယောက်ချင်း လိုက်ပြီး Tag ပေးနေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားလို့ပါပဲ။ Face Recognition Settings မှာ Yes လုပ်ထားတဲ့ သူတွေချည်းပဲ ဆိုရင်တော့ Group Photo လေး Upload လိုက်တာနဲ့ Auto Tag လုပ်သွားတော့မှာမို့ပါပဲ။

Face Recognition အကြောင်း အသေးစိတ်ကြည့်ရှုရန်နှင့် Settings ချနည်း။
https://www.facebook.com/…/manage-your-pr…/face-recognition…
Face Recognition Settings သွားချရန်နေရာ။
https://www.facebook.com/settings?tab=facerec
#FacebookFaceRecognition #FaceRecognition #FaceRecognitionSettings #AKS #AKS_Sharing
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။