အခုဆိုရင် Account တွေ အခိုးခံ(Hack လုပ်ခံ)ရပြီး၊ ငွေညှစ်ခံရတာတွေ၊ Personal Attack လုပ်ခံရတာတွေ တစ်နေ့တခြား ပိုပိုပြီးများပြားလာတာတွေကို မြင်တွေ့ ကြားသိကြမယ်ထင်ပါတယ်။
ဘာကြောင့် အကောင့်တွေ ခိုးယူခံရလည်းဆိုရင် ကိုယ့် Facebook Account ရဲ့ Security ပိုင်းတွေကို အလေးမထားတာတွေကြောင့်များပါတယ်။ Account Security လဲ မြှင့်မထား၊ တွေ့သမျှ Website တွေ ဝင်တာမျိုးတွေ၊ တွေ့သမျှ Mobile App တွေ့၊ Website App တွေကို အသုံးပြုတာတွေကြောင့် ဖြစ်တာများပါတယ်။
အဓိက ကတော့ Phishing App( အကောင့်ခိုးဖို့ ထောင်ဖမ်းထားတဲ့ App ) တွေကို အသုံးပြုတာများတဲ့အတွက် Facebook Account တွေ အခိုးခံ( Hack လုပ်ခံ )နေရတာ ဖြစ်ဖို့များပါတယ်။

ဥပမာ ပြောရရင် ...
Facebook Account နဲ့ ပတ်သက်တဲ့ ကိုယ့် Friend list ထဲကလူတွေကို အလွယ်တကူ ရှင်းထုတ်လို့ရတယ်ဆိုတဲ့ Unfriend လုပ်တဲ့ App, Like တွေများအောင် ခိုးလို့ရတယ်ဆိုတဲ့ Liker App, ကိုယ့်ကို ဘယ်သူတွေ Unfriend လုပ်ထားလဲ၊ ဘယ်သူတွေ Block လုပ်ထားလဲ၊ ကိုယ့်အကောင့်ကို ဘယ်သူတွေက အမြဲဝင်ကြည့်နေလဲ သိရတယ်ဆိုတဲ့ App တွေကို ဘုမသိ ဘမသိနဲ ့အလွယ်တကူ အသုံးပြုနေကြတာကြောင့် Account တွေ အခိုးခံနေရတာ များပါတယ်။
အဲ့လို App တွေတင်လားဆိုတော့ မဟုတ်ပါဘူး။ လူတွေစိတ်ဝင်စားနိုင်တဲ့၊ အသုံးများတဲ့ App တွေ Website တွေနဲ့လည်း ထောင်ဖမ်းတတ်ကြပါတယ်။ ဥပမာ Phone bill Hack တဲ့ App တို့ ဂိမ်းတွေအတွက်ဆို Coc, ML, တို့ အတွက် ဘာ Hack တဲ့ ညာ Hack တဲ့ App ဆိုပြီး Phishing App တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ပြီး ထောင်ဖမ်းလေ့ရှိကြပါတယ်။
ကိုယ့်အကောင့်ကို အခိုးခံရတာတွေ၊ Spam post တွေ ကိုယ်မသိပဲ ကိုယ့်အကောင့်ကနေ လျှောက်တင်နေတာတွေ မဖြစ်စေချင်ရင် အဲ့ဒီလို App တွေမသုံးပါနဲ့။
အဲ့ဒီလို App တွေကိုသုံးမိသွားရင် ဘာတွေဖြစ်နိုင်လဲဆိုတော့...
Access Token ကို ခိုးဖို့လုပ်ထားတဲ့ App ဆိုရင် သင့် Facebook Account ရဲ့ Access Token ( Email & Password နဲ့အတူတူ ) ကို ပေးလိုက်ရပါတယ်။ အဲ့လိုပေးလိုက်ရရင် တွေ့ဖူးကြမှာပါ ကိုယ်မသိပဲ ကိုယ့်အကောင့်ကနေ Sex Post, Photo, Video, နဲ့ Website link , တွေကို အလိုလျောက် Share နေတာ အခြားသူတွေဆီကို လိုက်ပို့နေတာတွေဖြစ်နိုင်ပါတယ်။ အဲ့ဒါက Spammer အနေနဲ့ စေခိုင်းခံရတာပါ။ အခုနောက်ပိုင်း Facebook က Spam တွေကို ထိန်းချုပ်နေတာမို့ ကိုယ့်အကောင့်က Access Token ပေးလိုက်ရပြီး Spam မိသွားခဲ့ရင် Lock ကျသွားဖို့ ရာခိုင်နှုန်း ၉၀% အထက်မှာ ရှိပါတယ်။

ကိုယ့်အကောင့်ကို အဲ့ဒီ App ထဲကိုဝင်လိုက်တာနဲ့ တစ်ဖက်ကလူဆီကို ကိုယ့်အကောင့်ရဲ့ User name နဲ့ Password ကို လှမ်းပို့ပြီးသားဖြစ်သွားပြီး တစ်ဖက်က ဝင်ပြီး Password ချိန်းလိုက်တာနဲ့ ကိုယ့်အကောင့်ပါသွားပါပြီ။ တစ်ဖက်က log file ထဲကို ဝင်မကြည့်မချင်းတော့ အကောင့်ပါဦးမှာမဟုတ်ပါဘူး။ ဒီနေရာမှာ ကိုယ့်အကောင့်က Security ပိုင်းဆိုင်ရာတွေ၊ ဥပမာ Login Approval လိုဟာမျိုးတွေ on ပြီး သုံးမထားခဲ့ဘူးဆိုရင် ကိုယ့်အကောင့်ထဲကို အလွယ်တကူ ဝင်လို့ရသွားပါမယ်။ Login Approval ကို on ထားခဲ့ရင်လည်း Real user name နဲ့ Real Password ကို ရသွားတာမို့ ကိုယ့်အကောင့်ထဲကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်ဖို့ကြိုးစားနိုင်သလို ဝင်ရောက်ခွင့်ရသွားနိုင်ပါတယ်။ (Login Approval ကျော်နည်းတွေလည်းရှိတယ်။)
ကိုယ့်အကောင့်ထဲကို ၀င်လို့ရသွားခဲ့မယ်ဆိုရင်....
ပိုဆိုးနိုင်တာက ကိုယ့်အကောင့်ထဲက အချက်အလက်တွေယူသွားပြီး ကိုယ့်ကို ငွေညှစ်တာတွေ၊ ကိုယ့်အကောင့်ထဲကလူတွေဆီကနေ ဘေလ်လိုက်တောင်းတာတွေ ငွေလွှဲခိုင်းတာတွေအထိ ဖြစ်နိုင်ပါတယ်။
နောက်ဆုံး ခြုံငုံပြီးပြောရရင် Account တွေ အခိုးခံ(Hack လုပ်ခံ) ရတယ်ဆိုတာက ကိုယ့် Account Security ပိုင်းကို ဘာမှလုပ်မထား၊ Security ပိုင်းဆိုင်ရာ Knowledge ဘာဆို ဘာမှမရှိတဲ့၊ ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလား သိအောင်လုပ်မထားတဲ့သူတွေမို့ အခိုးခံရတာများပါတယ်။
ဒါဆို Account Hack လုပ်မခံရဖို့ ဘာတွေလုပ်ရမလဲ၊ ဘာတွေလိုအပ်လဲဆိုရင်....?
ကိုယ့် Account Security ပိုင်းကို အလေးထားပါ။ တတ်နိုင်သလောက် Security ပိုင်းကိုလုပ်ထားပါ။
ဘယ်သူက ဘာ Website Link လာပေးပေး အလွယ်တကူဝင်မကြည့်ပါနဲ့။ တွေ့သမျှ Website တွေကို မဝင်ပါနဲ့။ တွေ့သမျှ Mobile App တွေကို လျှောက်မသုံးပါနဲ့။ ဘယ်သူက ဒါလေးက ဘာ App လေး သုံးလို့ကောင်းတယ်ဆိုတိုင်း မသုံးမိပါစေနဲ့။ ဖြစ်နိုင်ရင် Login ဝင်ခိုင်းတဲ့ App မျိုးတွေဆိုရင် ပိုပြီးတော့မသုံးပါနဲ့ Login ဝင်ခိုင်းနေတဲ့နေရာကနေ ပြန်လှည့်ပြီး အဲ့ဒီ App ကို ဖျက်ပစ်ပါ။

အဲ့လို စာလေးမတွေ့ဘူးဆိုရင်လည်း Facebook Account Settings => Apps ထဲကိုဝင်လိုက်ပါ။ အဲ့ဒီမှာ Logged in with Facebook ဆိုတာလေးတွေ့ပါမယ်။ Edit ထဲကိုဝင်ပြီး Website App, Game App တွေကို Remove လုပ်ပစ်လိုက်ပါ။
အခုနောက်ပိုင်း Mobile နဲ့ အသုံးပြုတဲ့ User တွေ များလာတာကြောင့် Phishing တွေကလည်း Mobile user တွေကိုပဲ အဓိက Target ထားပြီး ထောင်ဖမ်းလာကြပါတယ်။ ဒါကြောင့် Official App store တွေဖြစ်တဲ့ Google က Paly Store, Apple က iTune store တွေမှာပဲ ကိုယ် အသုံးပြုမယ့် App က စိတ်ချရလား အတုလား အစစ်လားဆိုတာ သေခြာလေးစစ်ဆေးပြီးမှ အသုံးပြုကြပါ။ သူများက အလွယ်တကူ Download လုပ်ဖို့ချပေးထားတယ်ဆိုပြီး တွေ့ကရာနေရာတွေကနေ ဒေါင်းပြီး မသုံးကြပါနဲ့လို့ပြောရင် ဒီ ပို့စ်ကို ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ။
Click here ( What is Mobile Phishing Attack ) 👉 https://www.google.com.mm/search…
Aung Kyaw Soe (19.4.2018 - 9:20 PM)
#AKS , #AKS_Sharing , #Phishing , #Facebook #FacebookAccountSecurity #Security
မူရင်းပို့စ် =>
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။