Cyber Crime တွေနဲ့ပတ်သက်လာရင် မြန်မာပြည်က ခံရတဲ့သူတော်တော်များများက သဘောတွေအရမ်းကောင်းကြတယ်။ အညှာတွေအရမ်းလွယ်ကြတယ်။ အရင်လိုပြန်အဆင်ပြေသွားရင်ပြီးတာပါပဲဆိုပြီး ကိုယ်ခံစားခဲ့ရတာတွေကို လျစ်လျူရှုပစ်လိုက်တတ်ကြတယ်။
အဲ့လိုတွေကြောင့်လည်း ကျူးလွန်သူတွေက သူတို့ကိုဘာမှလုပ်လို့မရပါဘူး။ သူတို့ကိုမဖမ်းနိုင်မဆီးနိုင်ပါဘူးလို ့ကြွေးကြော်ပြီး ဇောင်းထချင်သလိုနေကြတော့တာပဲ။
ဟုတ်တော့လည်းဟုတ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက Cyber Crime တွေနဲ့ပတ်သက်ပြီး ရဲစခန်းတွေမှာအမှုသွားဖွင့်ရင် အမှုကိုလက်မခံတဲ့အပြင် လာဖွင့်တဲ့သူကိုတောင်အပြစ်တင်ပြီးပြန်လွှတ်တာမျိုးတွေထိရှိခဲ့သလို။ အမှုကိုလက်ခံဖွင့်ပေးလိုက်ရင်တောင် အဲ့ဒီအမှုက ဟိုမရောက်ဒီမရောက်နဲ ့ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားခဲ့ကြတာများတယ်။
တချို့တွေကျတော့လည်း အမှုတော့ဖွင့်ချင်ပါလျှက်၊
ရုံးရောက်ဂတ်ရောက်ဖြစ်မှာမလိုလားသူတွေ၊ အချိန်ကုန်၊ ငွေကုန်၊
လူပင်ပန်းဖြစ်ပြီး၊ တရားခံတွေကိုထိထိရောက်ရောက်
အရေးယူအပြစ်ပေးနိုင်မှာမဟုတ်ပါဘူးလေလို့တွေးပြီး အမှုဖွင့်မယ့်ကိစ္စကို
ခေါင်းထဲကတောင်ထုတ်ပစ်လိုက်တဲ့သူတွေအထိရှိတယ်။
Actor တယောက်ဆိုရင် ငါညီရာ အစ်ကိုအနေနဲ့က တကယ်ထိထိရောက်ရောက်အရေးယူအပြစ်ပေးနိုင်မယ်ဆိုရင် အမှုဖွင့်ချင်တယ်။ ဖွင့်ပြီးတော့မှ ဘာမှဆက်ဖြစ်မလာရင် အလကားပဲဖြစ်သွားနိုင်တာမို့မဖွင့်တော့ပါဘူး။ လက်ရှိမြန်မာပြည်မှာက ဒီလိုအရေးကိစ္စတွေမှာ အားနည်းတာကို ငါ့ညီလည်းသိတာပဲကွာ ဆိုပြီးပြောခဲ့ဖူးသေးတယ်။

Actor တယောက်ဆိုရင် ငါညီရာ အစ်ကိုအနေနဲ့က တကယ်ထိထိရောက်ရောက်အရေးယူအပြစ်ပေးနိုင်မယ်ဆိုရင် အမှုဖွင့်ချင်တယ်။ ဖွင့်ပြီးတော့မှ ဘာမှဆက်ဖြစ်မလာရင် အလကားပဲဖြစ်သွားနိုင်တာမို့မဖွင့်တော့ပါဘူး။ လက်ရှိမြန်မာပြည်မှာက ဒီလိုအရေးကိစ္စတွေမှာ အားနည်းတာကို ငါ့ညီလည်းသိတာပဲကွာ ဆိုပြီးပြောခဲ့ဖူးသေးတယ်။



တချို့ဆိုရင်ပြောကြတယ် Cyber Crime မို့ Cyber Crime နဲ့ပတ်သက်တဲ့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းလို ့ရမလားဆိုပြီးမေးကြတယ်။ အဲ့လိုမရပါဘူး။ နီးစပ်ရာနယ်မြေစခန်းမှာအမှုဖွင့်ပြီးတော့မှ Cyber Crime( နည်းပညာမှုခင်းဌာန ) က ဝင်ပါလို့( ဝင်ကိုင်တွယ်လို့) ရတာပါ။
ဒါကြောင့်မို ့ကိုယ်အမှန်တကယ်နစ်နာခဲ့ရတာတွေအတွက် ရသမျှသက်သေတွေစုဆောင်းပြီး နီးစပ်ရာနယ်မြေစခန်း( ကိုယ်နေထိုင်တဲ့နေရာက နီးစပ်ရာရဲစခန်း )မှာ အမှုဖွင့်ဖြစ်အောင်ဖွင့်ကြပါလို့တိုက်တွန်းချင်ပါတယ်။
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။